လှိုင်သာယာ(အနောက်) နိုဝင်ဘာ ၈
နိုဝင်ဘာလ (၂၀) ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကလေးများနေ့ အထိမ်းအမှတ်အကြို လှိုင်သာယာ(၁၁)ရပ်ကွက်တွင် မွေးဖွားခဲ့သည့် (၃) မွှာပူးမွေးဖွားသော မိခင် ဒေါ်ခင်မို့မို့အေးနှင့် ကလေးများအား လူမှုဝန်ထမ်း၊ ဦးစီးဌာနမှ ထောက်ပံကြေးပေးအပ်ပွဲကို လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ရုံးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ပြုလုပ်ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးအောင်လွင်၊ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်၊ Brave Heart Foundation အဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်များ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးအောင်လွင်က နှုတ်ခွန်းဆက်စကားပြောကြားကာ ထောက်ပံ့ကြေးပေးရခြင်း အကြောင်းအရာများကို ရှင်းလင်ပြောကြားခြင်း၊ Brave Heart Foundation အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆွေးနွေးပြောကြားပြီး၊ (၃) မွှာပူးမိခင် ဒေါ်မိုးမိုးအေးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် (၃) မွှာပူးမွေးဖွားသော မိခင်ဒေါ်မိုးမိုးအေးအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေကျပ်ငါးသိန်းတိတိ (၅၀၀၀၀၀ိ/-) ကို ထောက့်ပံ့ပေးအပ်ပြီး၊ Brave Heart Foundation အဖွဲ့မှ ထောက်ပံ့စ္စည်းများပေးခဲ့ကြောင်း သတင်းရသည်။
မြို့နယ် (ပြန်/ဆက်)