လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

လယ်ဝေး နိုဝင်ဘာ ၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အလယ်တန်းကျောင်းသားကျောင်းသူ ၁၈ ဦးက အမျိုးသားနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးက ခေါင်းစဉ်နှစ်ခုအားမဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ စာစီစာကုံးနှင့် ကျပန်းပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား နိုဝင်ဘာ ၈ ရက်မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)