အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပ

မြန်အောင် နိုဝင်ဘာ ၈

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်သံဃနာယက ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဖိတ်ကြားထားသောဧည့်သည်တော်များအား နေ့လယ်စာထမင်း ကျွေးမွေးဧည့်ခံခဲ့ကြသည်။ ဆက်လက်၍ ဝန်ထမ်းမိသားစုများအား လက်ဆောင်ပစ္စည်းများ မဲဖောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်(ပြန်/ဆက်)