အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2024
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပြည်သူများအတွက် အသိပညာဗဟုသုတများ သိုမှီးရာပညာဘဏ်တိုက်ဖြစ်သည့် စာကြည့်တိုက်များ အခမဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့မှ ကျောင်းသား‌၊ ကျောင်းသူ၊ လူငယ်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခမောက်ကြီးမြို့ ပြည်သူစာကြည့်တိုက်သို့ လာရောက်၍ ကျောင်းအားလပ်ချိန်များအား အကျိုးရှိစွာအသုံးချလျက်ရှိကြသည်။
Nov 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းအခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများရရှိစေရေး၊  ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ညောင်ကားယားကျေးရွာအုပ်စု၊ ခင်ဝိုင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 09,2024
စစ်တွေမြို့နယ်အတွင်း ဒေသခံပြည်သူများအား ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းကစစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Nov 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စွန့်ပစ်အမှိုက်များဖြင့် သဘာဝမြေဆွေးပုံ ပြုလုပ်နည်းပြသခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ဆောင်ရွက်ကြောင်း သိရသည်။
Nov 08,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Diamond Stars(ကိုယ်ပိုင်အထက်တန်းကျောင်း)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့ မွန်းလွဲပိုင်း(၂ )နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Diamond Stars Education  Centre(Private Hight School)၌ ကျင်းပခဲ့သည်။
Nov 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌  မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)ရှိ ကျောင်းသား/သူများအား ယနေ့ နံနက်ပိုင်းက  ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။