Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချောင်းဦးမြို့နယ်တွင် ဝိုင်အက်စ်အာဝမ်း(YSR-1)စပါးမျိုးသစ်များ အောင်မြင်ဖြစ်ထွန်း
Nov 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ဝိုင်အက်စ်အာဝမ်း(YSR-1) စပါးမျိုးသစ်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် ဝိုင်အက်စ်အာဝမ်း (YSR-1)စပါးမျိုးသစ်ကို ဧက(၅၀)စိုက်ပျိုးထားရှိရာ ၎င်းစပါးမျိုးသည် အပင်ဖြစ်ထွန်းမှုအားကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊ ဒေသရေမြေနှင့် သင့်တော်ပြီး အပင်ယိုင်လဲမှုမရှိခြင်း၊ သက်တမ်းအားဖြင့် မိုးစပါးတွင်(၁၂၀)ရက်၊ နွေစပါးတွင် (၁၂၅)ရက်ရှိသဖြင့် အသက်လျင်ပြီး စားသုံးရာတွင် အရည်အသွေးကောင်းမွန်ခြင်းနှင့် တစ်ဧကလျင်(၁၂၅)တင်းထိ ထွက်နိုင်သဖြင့် အထွက်နှုန်းကောင်းသဖြင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်ထားသည့် စပါးမျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ ရောင်းချလျက်ရှိသော ဆေးဆိုင်များ တရားမဝင်ဆေးဝါးများနှင့်စံမမီဆေးဝါးများရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး
Nov 09,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ မဏိစည်သူဈေးပတ်လည်နှင့်ဆေးအတွင်းရောင်းချ လျက်ရှိသော ဆေးဆိုင်များအား တရားမဝင်ဆေးဝါးများနှင့် စံမမီဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်ကပူးပေါင်း အဖွဲ့ဌာနဆိုင်ရာများဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs နည်းလမ်းဖြင့် လေ့လာခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ…
Nov 09,2024
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs နည်းလမ်းဖြင့် လေ့လာခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အသိပေး ဆွေးနွေးပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ရှင်းလင်းခြင်း အခမ်းအနား…
Nov 09,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသေရးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ် အမှတ်(၆)(ဘီဘီအမ်)၊ အခြေခံပညာမူလတန်းကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော
Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၆)(ဘီဘီအမ်) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအား လိုက်နာကျင့်သုံးရွေးချယ်တတ်စေရန်၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ်များအား သိရှိနားလည်တတ်စေရန်နှင့် မိမိအခွင့်အရေးအား တောင်းဆို တက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ရှင်းလင်းခြင်း အခမ်းအနား…
Nov 09,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိရစ္ဆာန်မကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသေရးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စာဖတ်စွမ်းရည်နှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Nov 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်လွဲ (၁) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊(၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှ ဆုချီးမြှင့်ခြင်းခံရသည့် မိုင်းပန်မြို့နယ်ကိုယ်စားပြု အက…
Nov 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဗဟိုအဆင့်၊ ပြည်နယ် အဆင့်၌ ဆုချီးမြှင့်ခြင်းခံရသည့် မြို့နယ်ကိုယ်စားပြု အကအဖွဲ့များအားဂုဏ်ပြုခြင်း အခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3774
Page
3775
Page
3776
Page
3777
Current page
3778
Page
3779
Page
3780
Page
3781
Page
3782
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department