ခမောက်ကြီး နိုဝင်ဘာ ၉
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပြည်သူများအတွက် အသိပညာဗဟုသုတများ သိုမှီးရာပညာဘဏ်တိုက်ဖြစ်သည့် စာကြည့်တိုက်များ အခမဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့မှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခမောက်ကြီးမြို့ ပြည်သူစာကြည့်တိုက်သို့ လာရောက်၍ ကျောင်းအားလပ်ချိန်များအား အကျိုးရှိစွာအသုံးချလျက်ရှိကြသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များတွင် ကျောင်းစာအပြင် သိလိုသည့်အကြောင်းအရာများ ရှာဖွေလေ့လာမှတ်သား၍ အသိပညာ ဗဟုသုတများစွာရရှိစေသည့် စာအုပ်များ၊ စိတ်အာဟာရဖြစ်စေသော စာအုပ်များ၊ လူငယ်များအတွက် အကျိုးရှိစေမည့် ပညာရပ်အလိုက်သုတစာအုပ်များအပြင် စိတ်အပန်းပြေစေသည့် ရုပ်ပြ၊ ကာတွန်း၊ ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းစာအုပ်များကို လေ့လာဖတ်ရှုခြင်းနှင့်စာအုပ်ငှားရမ်းခြင်းများ စာကြည့်တိုက်အား ကောင်းမွန်စွာအသုံးချလျက်ရှိကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)