အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ပိန်းတန်းအခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရှမ်းဂေါင်းရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့​ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ကွန်မြူနတီခန်းမတွင် ပြုလုပ်ခဲ့သည်။
Nov 08,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်အတွင်း ကျရောက်သော တန်ဆောင်တိုင်ပွဲတော်၊ ရိုးရာကောက်သစ်စားပွဲတော်၊ မိသားစုခရစ္စမတ်ပွဲတော်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ(၈)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။
Nov 08,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အခြေခံပညာအထက်တန်းကျောင်း၏ နှစ်စဥ်ကျင်းပမြဲ ဖြစ်သော  ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မ ရော)ကျောင်းပညာအားမာန်ခန်းမ၌  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Nov 08,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း(မူလွန်)(ဗျိုင်းကွင်း)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ရန်ကုန်)တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲ (၈၆၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲစိုက်ဧက (၂၉၃၀) ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပဲ (၈၆၉) ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။