လှည်းကူး နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)ရှိ ကျောင်းသား/သူများအား ယနေ့ နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့်အဖွဲ့သည် အ.ထ.က(လှည်းကူ)ကျောင်းမှ ကျောင်းသား/သူ(၂၁၅)ဦးအား အသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် သွားကျန်းမာရေးစစ်ဆေးပေးပြီး ကျောင်းသား/သူ (၈၁)ဦးအား သွားနုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)