အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက် ၊ ဒီပင်္ကရာဘုရားတန်ဆောင်းတော်တွင် ယမန်နေ့ညနေပိုင်းက (၂၀၉)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် ရေသပ္ပါယ်ခြင်း အခမ်းအနားကျင်းပကာ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံကြောင်း သိရသည်။
Nov 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီက ခရိုင်/မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ ရေအထိုင်ငုပ်များအား လိုက်လံစစ်ဆေးခဲ့သည်။
Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း(တောင်ပိုင်း)ကျောင်း၌ ကျင်းပသည်။
Nov 09,2024
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “လမင်းသာ” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်ရှိ “ လမင်းသာ ” ကိုယ်ပိုင်အထက်တန်းကျောင်း စုပေါင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ လက်ပံချောင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်း၊ ပညာရတနာခန်းမတွင် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။