ညောင်ဦးမြို့နယ်၌ ရောင်းချလျက်ရှိသော ဆေးဆိုင်များ တရားမဝင်ဆေးဝါးများနှင့်စံမမီဆေးဝါးများရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး

ညောင်ဦး နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ မဏိစည်သူဈေးပတ်လည်နှင့်ဆေးအတွင်းရောင်းချ လျက်ရှိသော ဆေးဆိုင်များအား တရားမဝင်ဆေးဝါးများနှင့် စံမမီဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်ကပူးပေါင်း အဖွဲ့ဌာနဆိုင်ရာများဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ တရားမဝင်ဆေးဝါးများနှင့် စံမမီဆေးဝါးများရောင်းချခြင်းရှိ/မရှိကွင်းဆင်း စစ်ဆေးရာတွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများလိုက်ပါလျက်၊ ညောင်ဦး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ဝန်ထမ်းများသည်တရားမဝင်ဆေးဝါးများ ရောင်းချခြင်းနှင့်စံမမီသည့်ဆေးဝါးများရောင်းချရှိ/မရှိစစ်ဆေးခြင်းနှင့် ပုဂံလက်ဆောင် ပစ္စည်းအရောင်းဆိုင်များမှ စားသောက်ကုန်များ၊ ဈေးကွက်နမူနာကောက်ယူခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း