Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ နစ်နာသည့် မူလပိုင်ရှင်လယ်သမားများအား နစ်နာကြေး လျော်ကြေးင…
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ နစ်နာသည့် မူလပိုင်ရှင် လယ်သမားများအား နစ်နာကြေးလျော်ကြေးငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်ရှိ အ.မ.က ကျောင်းများတွင် စာသင်ထိုင်ခုံများ လှူဒါန်းပေး သွားမည်
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ စာသင်ထိုင် ခုံမလုံ လောက်သည့် အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ရာတွင် အဆင်ပြေစေ ရန် စာသင်ထိုင်ခုံများကို ကျောင်းဖွင့်ချိန်အမှီ လှူဒါန်းပေး သွားမည် ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာရွေ့ပြောင်းအလုပ်သမားမိသားစုများ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်
Aug 21,2020
မြန်မာရွေ့ပြောင်းအလုပ်သမားမိသားစု (၄၄) ဦး ယမန်နေ့မွန်းလွဲပိုင်းက ပြည်ပမှတစ်ဆင့် ကော့သောင်းမြို့သို့ ရေလမ်းခရီးမှပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ စက်မှုဇုန်နယ်မြေတွင် မီးလောင်မှုဖြစ်ပွား (နောက်ဆက်တွဲသတင်း)
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ စက်မှုဇုန်နယ်မြေ ကျန်စစ်သား လမ်းအတွင်းရှိ လောင်စာဆီဂိုဒေါင်တစ်ခုကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေးခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စန်းနှင့် ကလေးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဌေးတို့ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၇၀ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ဆီမီးငြှိမ်းသတ်ယာဉ် ၁ စီး ရေသယ်ယာဉ် ၁၁ စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မဲစာရင်းစိစစ်ခြင်းများ ဆက်လက်ဆောင်ရွက်
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေး သည့် နိုင်ငံသားများ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မဲစာရင်းတိကျမှန်ကန်စေရေး အတွက် မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို ဩဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မူဆယ်ခရိုင်၊ မူဆယ်မြို့(လဝက)ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမောင်မောင်တာနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့တို့ ပူးပေါင်းပြီး ဆက်လက်ကွင်းဆင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆိုင်း(ကြူကုတ်)မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၀၇၁)စုအတွက် ထောက်ပံ့ငွေများအသီးသီးပေးအပ်
Aug 21,2020
မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များ အား နိုင်ငံတော်အစိုးရမှပေးအပ်သည့် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၉)နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့ ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးလွှဲပြောင်းပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲထည့်ခွင့်ရရှိရေး အမည်စာရင်းများပြည့်စုံ မှန်ကန်မှု ရှိစေရေးအတွက် စိစစ်ရေးလုပ်ငန်းများ ကွင်းဆင်းဆ…
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရေးနှင့် အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကျေးရွာအုပ်စု(၄)အုပ်စုတွင် တစ်အိမ် တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29915
Page
29916
Page
29917
Page
29918
Current page
29919
Page
29920
Page
29921
Page
29922
Page
29923
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department