ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ နစ်နာသည့် မူလပိုင်ရှင်လယ်သမားများအား နစ်နာကြေး လျော်ကြေးငွေများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ ဩဂုတ်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေ များ သိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ နစ်နာသည့် မူလပိုင်ရှင် လယ်သမားများအား နစ်နာကြေး လျော်ကြေး ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က နစ်နာသည့် မူလပိုင်ရှင်လယ်သမားများအား နစ်နာကြေး လျော်ကြေးငွေ ပေးရခြင်းကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေပေါက်ကံ မြို့သစ်နှင့် ဝေဘာဂီမြို့သစ်ရှိ လယ်ယာမြေဧက (၅၃၄.၆) ဧကအား သိမ်းဆည်းခံရသော မူလပိုင်ရှင်လယ်သမား (၄၅)ဦးအား လျော်ကြေးငွေ(၅၃၄၆.၀၀)သန်းကို ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေ များ သိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားသို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့တော်စည်ပင် လက်ထောက်ဌာန မှူး၊ မြေယာ ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ နှင့်  တာဝန်ရှိသူများ၊ မူလပိုင်ရှင် လယ်သမား များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)