ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ

ဟိုပုံး   သြဂုတ်  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်လင်းကျေးရွာ အုပ်စု၊ ကျေးရွာ()ရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသော ပြည်သူ (၉၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသီးသီး ပေးအပ်ခဲ့ကြသည်။ အဆိုပါ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ပါရှိနိုင်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ် ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေးအတွက် ကွင်းဆင်းစီမံချက်လုပ်ငန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်  တာဝန်ရှိသူများ က ကွင်းဆင်းစိစစ်ခြင်း များ ဆောင်ရွက်ခဲ့ပြီး ပေါင်လင်းကျေးရွာအုပ်စုကို ဩဂုတ်လ()ရက်နေ့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စတင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ကျန်ရှိနေသေးသည့် ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင် စာရင်းတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ပါရှိနိုင်ရန် ကွင်းဆင်းစိစစ်မှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)