ဟိုပုံး ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရေးနှင့် အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကျေးရွာအုပ်စု(၄)အုပ်စုတွင် တစ်အိမ် တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလွင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများ၊ စာရေးဝန်ထမ်းတို့မှ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာ ရာ၌ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အခြားဒေသသို့ ပြောင်းရွှေ့သွားခြင်း၊ အခြားဒေသမှ မဲဆန္ဒရှင်များ မိမိ ဒေသသို့ ပြောင်းရွှေ့ဝင်ရောက်လာခြင်း၊ အိမ်ငှားများနှင့် ကျူးကျော်များအားလုံး ပါဝင်နိုင်ရေး၊ မဲစာရင်းများ ကောက်ယူပြုစုစဉ် စာရင်း၌ပါဝင်မှုမရှိခြင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသဖြင့် မဲစာရင်းကြေညာစဉ် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် မပါရှိသူများစသည့် အချက်အလက် မှန်ကန်မှု ရှိစေရေးများကို ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးခဲ့ကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)