ပန်ဆိုင်း(ကြူကုတ်)မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၀၇၁)စုအတွက် ထောက်ပံ့ငွေများအသီးသီးပေးအပ်

န်ဆိုင်း         ဩဂုတ်         ၂၁

မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များ အား နိုင်ငံတော်အစိုးရမှပေးအပ်သည့် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၉)နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့ ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးလွှဲပြောင်းပေးအပ်သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု မိသားစုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရာတွင် တိကျမှန်ကန်စေရေးနှင့် ပြည်သူများ လက်ဝယ်ရောက် ရှိစေရေးအတွက် တိကျမှန်ကန်စွာ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပြီး အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် ကျေးရွာ အုပ်စု(၁၁)အုပ်စုရှိ အိမ်ထောင်စုများ၊ စုစုပေါင်း အိမ်ထောင်စု(၁၀၇၁)စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀၀)ကျော်ခန့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းမိုးခိုင်(ပြန်/ဆက်)