မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်ရှိ အ.မ.က ကျောင်းများတွင် စာသင်ထိုင်ခုံများ လှူဒါန်းပေး သွားမည်

မြောက်ဥက္ကလာပ ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ စာသင်ထိုင် ခုံမလုံလောက်သည့် အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ရာတွင် အဆင်ပြေစေရန်  စာသင်ထိုင်ခုံ များကို ကျောင်းဖွင့်ချိန်အမှီ လှူဒါန်းပေးသွားမည် ဖြစ်သည်။

ထို့သို့လှူဒါန်းမှုကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (M.O.G.E)မှ ရွှေပေါက်ကံ မြို့သစ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများ ဖြစ်သည့် အ.မ.က (၄၄)၊ အ.မ.က(၄၅)၊ အ.မ.က(၄၆) ကျောင်းများသို့ ရွေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့မှ တစ်ဆင့် လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကျောင်းတစ်ကျောင်းလျှင် စာသင်ထိုင်ခုံ(၃၅)လုံးအား သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီး များထံ လှူဒါန်းပေးသွားမည်ဖြစ်ပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း (M.O.G.E)မှ သဘာဝပိုက်လိုင်း ဖြတ်သန်းသည့် မြို့နယ်များ ဖွံ့ဖြိုရေးအတွက် နှစ်စဉ် ဘတ်ဂျတ်အရ လှူဒါန်းခြင်းဖြစ်ကြောင်းကို ရွှေပေါက်ကံ မြို့သစ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြမြဝင်း(ပြန်/ဆက်)