အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့ပေါ်ရှိ ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အညီ စနစ်တကျ ဖွင့်လှစ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 19,2020
မွန်ပြည်နယ်၊‌​ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက်(၂)တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ
Aug 19,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ညောင်ပင်အိုင့်ကျေးရွာအုပ်စု ကျွန်းချောင်းကြီးကျေးရွာ၏ အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသည့် ကျွန်းချောင်းကြီးကျေးရွာ ပလ္လင်ကုန်းဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူတို့က ထောက်ပံ့ငွေ တစ်သိန်းကျပ်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့ထံ ပေးအပ်ခဲ့သည်။
Aug 19,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်သမဝါယမ ဦးစီးဌာနကြီးကြပ်မှုဖြင့် သောင်ကြီကျေးရွာ အခြေခံသမ ဝါယမ အသင်းသူ/ အသင်းသားများအား ထောက်ပံ့ ပစ္စည်း ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာ ဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
Aug 19,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၀ ပြည့် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦးတို့အား မိဘ ဆရာကျောင်းအကျိုးဆောင်အဖွဲ့က ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ယင်းကျောင်း ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 19,2020
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)မှဦးဆောင်၍ ယနေ့ နံနက်၁၀နာရီက မုဒုံမြို့ပေါ်ရှိ သက်တမ်းလွန်ဆေးဝါးများနှင့် စားသောက်ကုန်များရောင်းချနေမှုရှိ/မရှိကိုရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 19,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ၁၇-၈-၂၀၂၀ရက်နေ့မှ စတင်၍ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် (၁၉-၈-၂၀၂၀)ရက်နေ့တွင် နမ့်တိန်ချောင်းနှင့်ထိစပ်လျက်ရှိသည့် မန်မိုင် ရပ်ကွက်၊ မန်ကောင်းရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ ကျေးရွာများရှိ စိုက်ပျိုးသီးနှံ့များ ရေနစ်မြုပ်လျက်ရှိကြောင်းသိရှိရသည်။