ဟိုပန်မြို့၌ နမ့်တိန်ချောင်းရေတက်၍စိုက်ပျိုးသီးနှံများရေနစ်မြုပ်

ဟိုပန်            ဩဂုတ်         ၁၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ၁၇-၈-၂၀၂၀ရက်နေ့မှ စတင်၍ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် (၁၉-၈-၂၀၂၀)ရက်နေ့တွင် နမ့်တိန်ချောင်းနှင့်ထိစပ်လျက်ရှိသည့် မန်မိုင် ရပ်ကွက်၊ မန်ကောင်းရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ ကျေးရွာများရှိ စိုက်ပျိုးသီးနှံ့များ ရေနစ်မြုပ်လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ နမ့်တိန်ချောင်းဘေးရှိမြေနုကျွန်းများပေါ်တွင် ရပ်ကွက်/ကျေးရွာများမှ တောင်သူများ က စပါး၊ ပြောင်း၊ ပဲသီးနှင့် အခြားစိုက်ပျိုးသီးနှံများကိုစိုက်ပျိုးကြပြီး ရေနစ်မြုပ်သည့်စိုက်ပျိုးမြေ ဧကနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာဌာနများမှ စာရင်းကောက်ယူဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)