ရေး ဩဂုတ် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်ငါးဖမ်း ရေလုပ်သားများ လုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းအမှတ်စဉ် (၆/၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရေးမြို့နယ် အစင်စံပြကျေး ရွာ၊ အပြုံးအစင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်၊ နယ်မြေခံတပ်မတော်(ရေ)မှ ဗိုလ်ကြီး ဉာဏ်လင်းအောင်၊ မြို့နယ်လူကုန်ကူးမှု ကာကွယ်တားဆီးရေး ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထူး၊ မြို့နယ်ငါးဦးစီးမှူး ဦးဝင်းကိုကိုဦး၊ သံဖြူဇရပ်မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ဝေ၊ မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်အဖွဲ့ဝင် ဦးအောင်ဇော်လတ်၊ အစင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ငါးလုပ်ငန်း ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။
ရေလုပ်သားများအား သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသည့်အချိန်တွင် စနစ်တကျ တုံ့ပြန် နိုင်ရေး၊ ငါးဖမ်းလှေ မီးဘေးအန္တရာယ် ကာကွယ်ရေး ငြိမ်းသတ်ရေး၊ ပင်လယ်ပြင်အတွင်း အသက် ကယ်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ၊ မျိုးတုန်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး၊ VMS ကိရိယာစနစ်တကျ ထိန်းသိမ်းရေး စသည့် သင်ခန်း စာများအား (၃) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းသို့ ရေးမြို့နယ် အခြေပြုကမ်းဝေး ငါးဖမ်း ရေလုပ်သား သင်တန်းသား(၈၆)ဦး တက်ရောက် ကြောင်း သိရသည်။
အောင်ဖြိုး