သန်လျင်အထက(၁)မှ တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုတွေ့ဆုံ

သန်လျင် သြဂုတ် ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၀ ပြည့် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဘာသာစုံဂုဏ်ထူးရှင်တစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦးတို့အား မိဘ ဆရာကျောင်းအကျိုးဆောင်အဖွဲ့က ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ယင်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မိဘဆရာအသင်း ကျောင်းအကျိုးဆောင်အဖွဲ့နာယက ဦးတင်ဝင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန်းနှင့် ကျောင်းအကျိုး ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်တိုးတို့က ကျောင်းဂုဏ်ဆောင်ပေးခဲ့ကြ သည့် ကျောင်းသား၊ ကျောင်းသူများအား အထူးဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်ကာလဖြစ်၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်၍ ဂုဏ်ထူးရှင်အားလုံးနှင့် တွေ့ဆုံနိုင်မှု မရှိသည်ကို နားလည်ပေးရန်လိုကြောင်း၊ ကျောင်းဂုဏ်ဆောင် ပေးခဲ့ကြသည့်သူအားလုံး ကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့် သွားရန် အစီအစဉ်ရှိပါကြောင်းဖြင့် ဂုဏ်ပြုစကားများပြောကြားကြသည်။

ထို့နောက် ကျောင်းအကျိုးဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ဦး+ဒေါ်ရူပကျော် (သရဖူအိမ်ဆောက် ပစ္စည်းရောင်းဝယ် ရေး) မိသားစု က ဘာသာစုံဂုဏ်ထူးရှင် မမေမြတ်နိုးသူအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်း၊ ငါးဘာသာဂုဏ်ထူးရရှိသော မောင်မင်းခန့်မြင့် နှင့် မရွမ်းရွမ်းတာရာတို့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းစီ ပေးအပ်ချီးမြှင့်ကြသည်။ သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် အောင်မြင်သူ(၁၉၉)ဦး၊ ဘာသာစုံဂုဏ်ထူးရှင်(၁)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၂)ဦး အပါအဝင် ဂုဏ်ထူးရှင်(၆၉)ဦး ရရှိခဲ့ပြီး အောင်ချက် ရာနှုန်းမှာ(၄၀.၄၄)ဖြစ်ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)