မြောင် ဩဂုတ် ၁၉
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်သမဝါယမ ဦးစီးဌာနကြီးကြပ်မှုဖြင့် သောင်ကြီကျေးရွာ အခြေခံသမ ဝါယမ အသင်းသူ/ အသင်းသားများအား ထောက်ပံ့ ပစ္စည်း ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာ ဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြိုနယ်အသင်းစု ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း ပြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကာလအတွင်းမှာ အသင်း၀င်များအား စား၀တ်နေရေး အထောက် အကူဖြစ်စေရေးအတွက် ဆန်နှင့် မီးဖိုချောင် အသုံးအဆောင် ပစ္စည်းများအား ထောက်ပံ့ ပေးခြင်း ဖြစ်ပါ တယ်" ဟုမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်ကပြောပြ၍သိရသည်။
မြောင်မြို့နယ်တွင် အခြေခံသမဝါယမ အသင်း၀င် (၁၀)သင်းအား ဆန်တင်း(၂၁၀)၊ အာလူး(၉၀၀) ပိဿာနှင့် ဂေါ်ဖီထုပ်(၁၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။
တင်ကိုကို(မြောင်)