ခေါဇာ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက်(၂)တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများကို ခေါဇာမြို့ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးစိုးဌေးနှင့် တာဝန်ရှိသူများက ယနေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအိမ် ထောင်စု (၁၈၂)စုအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများလိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)