ပင်းတယမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ပင်းတယ  ဩဂုတ်  ၂၁

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်း၊ အတွင်းရေးမှူး ဒေါ်စုစုမွန်တို့က မဲစာရင်းများ ပြုစုဆောင်ရွက် ထားရှိမှု အခြေအနေများ ၊ မဲစာရင်းများကြေညာထားရှိမှု၊ မဲစာရင်းများ စိစစ်ထားရှိမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရပ်ကွက်နှင့်ကျေးရွာရှိ ကော်မတီဝင်များ၏ မေးမြန်းချက်များအပေါ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေထွန်း တို့က ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပင်းတယ(ပြန်ဆက်)