ဝေါလေမြိုင် ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်ပျိုးသူများအား ထောက်ပံ့ငွေပေး အပ်ခြင်းနှင့် တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်သူဦးကျိုင်း လယ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းရွှေက ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးနည်းစနစ်များနှင့် သီးနှံအမျိုးအစားများကို လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ရေးပြောကြားခဲ့ပြီး ခရိုင်မျိုးစေ့တာဝန်ခံ ဦးအောင်မျိုးမင်းမှ မျိုးကောင်းမျိုးစေ့မျိုးသန့်များကို သုံးစွဲခြင်းဖြင့် တောင်သူများသီးနှံအထွက်တိုးပြီး ဝင်ငွေတိုးတက်လာစေရန် အသိ ပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းနိုင်ဦးက အစေ့ထုတ်ပြောင်းတွင် (Faw) ငမြှောင်တောင်ပိုး ကျရောက်ခြင်းအား IPM ဘက်စုံကာကွယ် နှိမ်နင်းနည်းစနစ်များမှ ဖီယိုမုန်း ထောင်ချောက် အသုံးပြုခြင်းကို လက်တွေ့ပြသခြင်းနှင့် RS-CS မျိုးစေ့ထုတ်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များကို တောင်သူများအားရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)