အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထေွေရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)ဖယ်ခုံမြို့နယ်၌ ယနေ့မွန်းလွဲပိုင်း က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Aug 21,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ရှိသူများ သည် ယမန်နေ့ ၈ နာရီအချိန်က စလင်းမြို့နယ်တွင်းရှိ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Aug 21,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်သို့ နေ့စဉ် စာငှားစာဖတ် လာရောက် ကြသူများအနေဖြင့် လူကုန်ကူးခြင်းခံရမှု အန္တရာယ်ဆိုးကျိုးများကို သိရှိစေ ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ ခရိုင်ပြည်သူ့စာကြည့်တိုက် အတွင်းနှင့် မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားပေးကြောင်း သိရသည်။
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ၂၀၂၀ ပြည့်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်း တကောင်းသစ္စာခန်းမတွင် ကျင်းပရာ
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိုက်ဝါး ချောင်း ကျေးရွာအုပ်စု၊ လွှစင်ကုန်းကျေးရွာ ကွင်းအမှတ် ၁၁၆၁၊ တောင်သူဦးစန်းဝင်း၏ လယ်တွင် ယနေ့ နံနက်ပိုင်းက စပါးနှင့်ငါး တွဲဖက်စိုက်ပျိုး မွေးမြူရေးစနစ် သရုပ်ပြရှင်းလင်း ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတွင်ကျန်ရှိ‌နေသော မဲဆန္ဒရှင်များ၏ နိုင်ငံသားစိစစ်ရေး ကက်ပြား အမှတ်များ ဖြည့်စွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲကို ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။