ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ စီးပွား​ရေးကုစားမှုအစီအစဉ်အရ မျိုး​စေ့ထုတ်​တောင်သူများသို့ မျိုး​ကောင်းမျိုးသန့်မျိုး​စေ့ စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာ​​ပေး​ဆွေး​ နွေး

ကော့ကရိတ် သြဂုတ် ၂၁

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ကိုဗစ်၁၉စီးပွား​ရေးကုစားမှုအစီအစဉ်အရ မျိုး​စေ့ထုတ်​တောင်သူများကို မျိုး​ကောင်းမျိုးသန့်မျိုး​စေ့စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာ​​ပေး​ဆွေး​နွေး​ဟော​ပြောခြင်းကို ယ​နေ့နံနက် (၁၁) နာရီအချိန်က​ ရန်ကုတ်​ကျေးရွာအုပ်စု ​အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်​ ကော့ကရိတ်ခရိုင် ​စိုက်ပျိုး​ရေးဦးစီးဌာန၊ ခရိုင်​မြေအသုံးချ​ရေးတာဝန်ခံ​ ဒေါ်​အေး​အေးနွယ် မှ စပါးသီးနှံအတွက် ဓါတ်​မြေသြဇာထည့်သွင်းရမည့်နည်းလမ်းများ၊ ဓါတ်​မြေသြဇာ​ကျွေးခြင်းဖြင့်ရရှိ​သော အကျိုး​ကျေးဇူးများ၊ ဓါတ်​မြေသြဇာကိုလိုသည်ထက် ပိုမိုသုံးစွဲခြင်းနှင့် ချို့တဲ့ခြင်း​ကြောင့်ဖြစ်​ပေါ်တက်သည့်​လက္ခဏာများကိုလည်း​ကောင်း၊ ခရိုင်မျိုး​စေ့တာဝန်ခံ​ဒေါ်​ဝင်းဝင်းနိုင်မှ မျိုး​​ကောင်းမျိုး သန့်မျိုး​စေ့ (စပါး) စိုက် ပျိုးထုတ်လုပ်ခြင်းနည်းပညာ၊ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းတို့အားလည်း​ကောင်း၊ ခရိုင်ပိုးမွှားတာဝန်ခံ​ ဒေါ်သီ မာဝင်းက ပိုးသတ်​ဆေးသုံးစွဲရာတွင် လိုက်နာ​ဆောင်ရွက်ရမည့်အချက်များ၊ စပါးသီးနှံတွင် ကျ​ရောက်တက်​သော ပိုးမွှား​ရောဂါများအ​ကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းတို့ကို ​ဆွေး​နွေး​ပြောကြားခဲ့ကြသည်။

ထို​နောက်​ အဆိုပါအခမ်းအနားသို့ တက်​ရောက်လာသည့် တောင်သူ (၂၁) ဦးအား သီးနှံမျိုး​ကောင်းမျိုး သန့်စိုက်ပျိုး ထုတ်လုပ်ခြင်းနည်းစနစ်များ၊ သီးနှံစိုက်ပျိုးရာတွင်​ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပါဝင်သည့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခြင်း အပြန်အလှန်​ဆွေး​နွေးခြင်းတို့ ပြုလုပ်​ဆောင်ရွက်ခဲ့ ကြသည်။

နိုင်ငံ​တော်အစိုးရမှ ကိုဗစ် ၁၉ စီးပွား​ရေး​ထောက်ပံ့မှုအစီအစဉ် (CERP) အရ​ ဆောင်ရွက်​သော မိုးစပါး (RS.CS) အထွက်​ကောင်းမျိုး​စေ့ထုတ်​တောင်သူများအား တစ်ဧကလျှင် ကျပ်(၁၄၈၅၀၀)နှုန်းဖြင့် ​ထောက်ပံ့​ပေးလျှက်ရှိ​ကြောင်း ခရိုင်မျိုး​စေ့တာဝန်ခံ၏​ပြောကြားချက်အရ သိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)