လက်ပံတန်းမြို့နယ်တွင် စပါးနှင့်ငါး တွဲဖက်စိုက်ပျိုးမွေးမြူရေးစနစ် သရုပ်ပြပွဲကျင်းပ

လက်ပံတန်း ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိုက်ဝါးချောင်း ကျေးရွာအုပ်စု၊ လွှစင်ကုန်း ကျေးရွာ ကွင်းအမှတ် ၁၁၆၁၊ တောင်သူဦးစန်းဝင်း၏ လယ်တွင် ယနေ့ နံနက်ပိုင်းက စပါးနှင့်ငါး တွဲဖက်စိုက်ပျိုး မွေးမြူရေးစနစ် သရုပ်ပြ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းအောင်ဆန်းက အမှာစကားပြောကြားပြီး စပါးနှင့်ငါး တွဲဖက် စိုက်ပျိုး စနစ် စီမံကိန်းအကြောင်းအား International rice research instituteမှ Dr. Robert Coudwellက ရှင်းလင်း ဆွေးနွေး၍ ငါးလုပ်ငန်းဦးစီး ဌာနရုံးချုပ်မှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာနီလာရှိန်က စပါးခင်းတွင် ငါးထည့်သွင်း ခြင်းနှင့် ငါးမွေးမြူရေး အကြောင်း ရှင်းလင်းကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်မြင့်က မြို့နယ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ထင်မြင် သုံးသပ်ချက် များနှင့် စပါးနှင့်ငါး အကွက်ကျယ် သရုပ်ပြကွင်းနှင့် ပတ်သတ်၍ ကုန်ကျစရိတ်နှင့် ဝင်ငွေ နှိုင်းယှဉ်ချက်အား ရှင်း လင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူ တောင်သူများက မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး စပါးခင်းတွင် ငါးထည့်သွင်းခြင်းအား လက်တွေ့ပြသခဲ့ကြ ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး (ပြန်/ဆက်)