မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ၂၀၂၀ ပြည့်နှစ်လူရည်ချွန် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မန္တလေးဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ၂၀၂၀ ပြည့်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်  အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်း တကောင်းသစ္စာခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီနာယက အထက်မြန်မာပြည် လူရည်ချွန်များ အသင်း (၁၉၆၄-၁၉၈၈) နာယက လူရည်ချွန် ဒေါက်တာယုယုမေက မျိုးဆက်သစ် လူရည်ချွှန်မောင်မယ်များကို အမှတ်တရ စကားပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဆရာ ဦးကျော်ဆွေ က အမှာစကားပြောကြားပြီး အထက်မြန်မာပြည် လူရည်ချွန်များအသင်း (၁၉၆၄-၁၉၈၈) ဥက္ကဋ္ဌ ဦးမောင်မောင်လေး (မြန်မာစာပါမောက္ခ)(ငြိမ်း)က မျိုးဆက်သစလူရည်ချွန်မောင်မယ်များကို ဂုဏ်ပြု စကားပြောကြားကာ ခရိုင်ပညာရေးမှူး ဦးတင်ရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်၊၊

ထို့နောက် အထက်မြန်မာပြည်လူရည်ချွန်များအသင်း နာယက လူရည်ချွန် ဒေါက်တာယုယုမေ၊ လူရည်ချွန် ဒေါက်တာကြူကြူ၊ အသင်းအတွင်းရေးမှူး လူရည်ချွန် ဒေါက်တာလွှမ်းမိုး၊ တွဲဖက် အတွင်းရေးမှူး လူရည်ချွန် ဒေါက်တာ ငြိမ်းငြိမ်း၊ ညွှန်ကြားရေးမှူး (ပညာ) ဦးကျော်ဆွေ၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်တို့က လူရည်ချွန်များကို ဂုဏ်ပြုဆုများနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားအပြီးတွင် အထက်မြန်မာပြည်လူရည်ချွန်များအသင်း (၁၉၆၄-၁၉၈၈) နာယက လူရည်ချွန် ဒေါက်တာယုယုမေကလူရည်ချွန်မောင်မယ်များနှင့်တွေ့ဆုံကာ ဂုဏ်ပြုအမှတ်တရစကားများပြောကြားခဲ့ကြောင်း သိရသည်။

ဝေဖြိုးအောင်