စလင်းမြို့နယ်တွင်းရှိ စာသင်ကျောင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ထားခြင်း ရှိမရှိစစ်ဆေး

စလင်း ဩဂုတ်၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ရှိသူများ သည် ယမန်နေ့ ၈ နာရီအချိန်က စလင်းမြို့နယ်တွင်းရှိ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဇော်ဇော်အောင်၊ ဒုတိယမြို့နယ် ပညာရေးမှူးဦးကျော်မင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါ်လင်းမြတ်သူ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုဦးစီးမှူးဦးသိန်းဇော်လင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးတင်အောင်မိုးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက အထက်တန်းကျောင်း(၃)ကျောင်းနှင့်ကိုယ်ပိုင်အထက်တန်း ကျောင်း(၇) ကျောင်းတို့အားသွားရောက်၍ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် တားဆည်းရေး အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထား ရှိခြင်း ရှိမရှိကို စမ်းဆစ်ပုံစံ(၅၅)ချက်ဖြင့် အသေးစိတ်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

စလင်းမြို့နယ်တွင် အထက်တန်းကျောင်းပေါင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၄၆) ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း(၇)ရှိပြီး ကျန်ရှိနေသောကျောင်းများကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)