ဖယ်ခုံ သြဂုတ် - ၂၁
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထေွေရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)ဖယ်ခုံမြို့နယ်၌ ယနေ့မွန်းလွဲပိုင်း က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ဈေးနောက်ရပ်ကွက်၊ ဈေးရှေ့ရပ်ကွက်၊ ဈေးတန်းရပ်ကွက်နှင့် မြို့ကုန်းရပ်ကွက် တို့တွင် ကွင်းဆင်း စစ်ဆေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့၀င်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များတို့က ရပ်ကွက်အတွင်း အိမ်တိုင်ရာ ရောက် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မဲစာရင်းပါအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အားလုံး မဲစာရင်းတွင် အမည်စာရင်းပါရှိရေးနှင့် မပါ၀င်သင့်သူများ ပါ၀င်မှုမရှိစေရေးတို့အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့၀င်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုထွေး (ဖယ်ခုံ)