အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက် စေရေးအတွက် အဓိကလိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား အချိန်နှင့် တစ်ပြေးညီ သိရှိ စေရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအတွင်း ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများ ထံ အသိပေးကြေညာနှိုးဆော် ခြင်းကို ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကျန်းမာရေး လမ်းညွှန်ချက်များ အသိပညာပေး​နှိုးဆော်ကြေညာခြင်း ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင် သာယာရေးကော်မတီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ပြည်ပမှတရားဝင် အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်‌ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်း ဆွေးနွေးပွဲကို ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်း အတွင်းရှိ OSS ခန်းမ၌ ယနေ့ မွန်းလွဲ တစ်နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Aug 21,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁၉-၈-၂၀၂၀) ရက်နေ့တွင် နမ့်တိန်ချောင်းနှင့်ထိစပ်လျက်ရှိသည့် မန်မိုင်ရပ်ကွက်၊ မန်ကောင်း ရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ကျေးရွာ၊ စံပြကျေးရွာ များရှိ စိုက်ပျိုးသီးနှံ့များ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Aug 21,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ခရိုင် အဆင့်၊ ဘက်စုံထူးချွန်ဆုရရှိ သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ဘောလခဲမြို့ အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21,2020
ကရင်ပြည်နယ်၊ မြဝတီမြို့၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲအဆင်ပြေချောမွေ့စွာပေးနိုင် ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ခြင်းကို အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့ ကျောက်ခတ်ကျေးရွာ၌ ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။