တောင်ငူ၌ လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နိုင်ရန် အသိပညာပေး နံရံကပ်စာစောင်များပြသထား

တောင်ငူ သြဂုတ် ၂၁

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်သို့ နေ့စဉ်စာငှားစာဖတ် လာရောက် ကြသူများ အနေဖြင့် လူကုန်ကူးခြင်းခံရမှု အန္တရာယ်ဆိုးကျိုးများကို သိရှိစေပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ခရိုင် ပြည်သူ့ စာကြည့်တိုက်အတွင်းနှင့် မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားပေးကြောင်း သိရသည်။

အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးခြင်းခံရမှု စတင်ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခြင်းခံရမှု အမျိုးအစားများ၊ လူကုန်ကူးသူ များ၏ လူစုစောင်းသည့် နည်းလမ်းများမှ ကြိုတင်ကာကွယ်နိုင်မည့် အချက်များ၊ လူကုန်ကူးခြင်းခံရမှု မရှိစေရေး သတိပြုရမည့် အချက်များအပြင် လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နိုင်ရန် အသိပညာပေးကာတွန်းများကို ပြည်သူများ အသိပညာများရရှိနိုင်ရန် ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ပြသထားရှိပြီး ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် မြေစိုက်နံရံကပ် ပြဘုတ် တွင်လည်း ပြသထားကြောင်း သိရသည်။

ဇော်ထက်(တောင်ငူ)