မြိတ် ဩဂုတ် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြု လုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သော ရွေးကောက်ပွဲကြီးတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအားလုံး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်မှသာ လွတ်လပ်၍တရားမျှတသော ရွေးကောက် ပွဲဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အမှားနည်းပြီး ပြည့်စုံ မှန်ကန်သောမဲစာရင်းများဖြင့် ပြည်သူအားလုံး မဲပေးနိုင်ရေး၊ ထောက်ခံစာဖြင့်လာရောက် မဲပေးသူ စာရင်း နည်းပါးစေရေး အလေးထားဆောင်ရွက်ပေးရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသောကြောင့် မဲမပေးရသည်များမဖြစ်စေရေး လုပ်ထုံး လုပ်နည်းနှင့်အညီ သေချာစိစစ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာရာတွင် အချက်အလက်မပြည့်စုံမှု များကို ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာ၌ ပြည်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစား၍ ပူးပေါင်းဆောင်ရွက်သွား ကြရန်နှင့်ခရိုင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ လမ်းညွှန်မှုများကို ရှင်းလင်းဆွေးနွေး၍ မြို့နယ် (၄) မြို့နယ်သို့ ကြီးကြပ်ကွင်းဆင်း ဆောင်ရွက် ကြမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါခိုင် (မြိတ်ခရိုင် ပြန်/ဆက်)