ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအနေဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်

ချောင်းဆုံ  ဩဂုတ် ၂၁

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် မျိုးစေ့ထုတ် တောင်သူလယ်သမားများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မိုးစပါးစိုက်ဧက (၂၀၀) အတွက် တစ်ဧကလျှင် မျိုးစပါး (၁) တင်း (၁၀၅၀၀)ကျပ်၊ မြေပြင် စိုက်ပျိုးစရိတ် (၇၅၀၀၀) ကျပ် စုစုပေါင်း (၈၅၅၀၀) ကျပ်ကို မျိုးစေ့ထုတ်တောင်သူ (၄၂) ဦးတို့အား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မျိုးကောင်းမျိုးသန့် စိုက်ပျိုးကြမည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိ ရသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ဧက (၅၆၂၄၉)ဧကရှိပြီး မျိုးသန့်မျိုးစေ့စိုက်ပျိုးကြမည့် (တောင်စွန်း၊ ကမာကေး၊ ကော့ကဒိုက်၊ ကော့မုပွန်)ကျေးရွာများတွင် မျိုးကောင်း မျိုးသန့် (၂၀၀) ဧက ကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထူးအိမ်(ပြန်/ဆက်)