ဘောလခဲမြို့တွင် ခရိုင်အဆင့် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘောလခဲ သြဂုတ် ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ခရိုင် အဆင့်၊ ဘက်စုံ ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်()နာရီအချိန်က ဘောလခဲ မြို့ အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက အဖွင့်အမှာစကား ပြောကြားပေးပြီး ထူးချွန်လူ ရည်ချွန်တစ်ဦးမှ ဂုဏ်ပြု အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆု ချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပရာ ဒသမတန်းအဆင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက ပေးအပ်ခြင်း၊ နဝမတန်း ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ရဲတပ်ဖွဲ့မှူး စောမောရှည်က ပေးအပ်ခြင်း၊ အဋ္ဌမတန်း ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်က ပေးအပ်ခြင်း၊ ထူးချွန်လူရည်ချွန်ကြီးဖြစ်သော လွိုင်ကော်တက္ကသိုလ် ဓါတုဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ခိုင်စန္ဒာဝင်းနှင့် ကယားပြည်နယ် ဂုဏ်ဆောင် လေးထပ်ကွမ်း လူရည်ချွန် ဒေါ်မာဂရက်တို့မှ လူရည်ချွန်ကြီးများကိုယ်စား ထူးချွန် လူငယ်မောင်မယ် များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးက ထူးချွန် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း နှင့် အ- -က ဘောလခဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းချယ်ရီသန်းက အ--က ဘောလခဲမှ ထူးချွန်ကျောင်းသူများ အား ဂုဏ်ပြုဆုများ အသီးသီးပေး အပ်ခဲ့ကြသည်။

ထို့နောက် ခရိုင်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာ ကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

လှရွှေ