မြဝတီမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

မြဝတီ ဩဂုတ် ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့၌  မဲဆန္ဒရှင်ပြည်သူများအနေဖြင့်  ဆန္ဒမဲအဆင်ပြေချောမွေ့စွာပေးနိုင် ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ခြင်းကို အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့ ကျောက်ခတ်ကျေးရွာ၌ ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း  သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြဝတီခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေ၊ မြဝတီမြို့နယ်ဦးစီး မှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးအက်စ်လင်းရောင်နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာအနေဖြင့် မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း ဆောင်ရွက် ပေးခြင်းမှာ ပင်မ တာဝန်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲကို အဆင်ပြေချောမွေ့စွာပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းမှာပါပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသည့်သူများကို အထူးအစီအစဉ်အဖြစ်ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 မန်းသန်းရွှေမြင့်(ပြန်/ဆက်)