ရွာငံမြို့နယ်အတွင်း နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း ရှင်းလင်းဆွေးနွေး

ရွာငံ    ဩဂုတ်     ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ပြည်ပမှ တရားဝင် အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်း ဆွေးနွေးပွဲကို ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်း အတွင်းရှိ OSS ခန်းမ၌ ယနေ့ မွန်းလွဲ တစ်နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပင်းတယမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန် ဦးစီးအရာရှိ ဦးသိန်းမြင့်က နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် အသိပေးကြေငြာချက် ဆိုင်ရာများကို ရှင်းလင်း ပြောကြားရာ ရွာငံမြို့နယ် အတွင်းရှိ ဆိုင်အမျိုးမျိုးမှ လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းသို့ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တရားဝင်တင်သွင်းခွင့် ရရှိလာမည့် လုပ်ငန်းရှင် များအနေဖြင့် ဈေးကွက်အတွင်း နိုင်ငံခြားဖြစ် အရက်များ တရားမဝင်တင်သွင်း ရောင်းချနေသော လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် နစ်နာမှုမရှိစေရန် ပြည်တွင်းသို့ တရားမဝင် နည်းလမ်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့ကို ကျသင့်အခွန်ကောက်များ ပေးဆောင်စေပြီး A1 အမှတ်အသား(ခြင်္သေ့) အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးမည်ဖြစ်ပါသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းစီမံချက်အားOne Stop Service (OSS) စနစ်ဖြင့် (--၂၀၂၀) ရက်နေ့မှ (၃၀--၂၀၂၀) အထိ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ကြေငြာလွှာတင်သွင်းရမည့် ကာလကို (၂၁--၂၀၂၀) ရက်နေ့မှ (၂၈--၂၀၂၀) ရက်နေ့ အတွင်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးများသို့ အချိန်မီ ကြေငြာလွှာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်