မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးအ​ပေါ် အခွန် အမှတ်တံဆိပ်ကပ် နှိပ်​ရောင်းချရန် အသိ​ပေး​ကြေညာချက်အား ရှင်းလင်း​ဆွေး​​​​နွေး

ကျိုက်မ​ရော         သြ ဂုတ်   ၂၁

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင် စီမံကိန်း ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနပြည်တွင်း အခွန်များဦးစီးဌာနမှနိုင်ငံခြားဖြစ်အရက်အမျိုးမျိုးအ​ပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်​ ရောင်းချ​စေခြင်းလုပ်ငန်းစီမံချက်ရှင်းလင်း​ဆွေး​နွေးပွဲကို ယ​နေ့​နေ့လယ် ၂ နာရီကမြို့နယ် အခွန်ဦးစီး ဌာနမှူးရုံး အစည်းအ​ဝေးခန်းမ၌ပြုလုပ်သည်။

ဆွေး​နွေးပွဲတွင် မြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှူး​ ဒေါ်ခင်ဝင်းက ပြည်တွင်း၌​ရောက်ရှိ​နေ​သော နိုင်ငံခြားအရက်အမျိုးမျိုး တရားမဝင်တင်သွင်း​ရောင်းချခြင်းတို့အ​ပေါ် မြို့နယ် အတွင်းရှိလုပ်ငန်းရှင်များမှ ​ကြေငြာလွှာတင်သွင်းခြင်း၊အခွန်​ပေး​ဆောင်ခြင်းတို့ကိုသိရှိ လိုက်နာ ​ဆောင်ရွက်​စေ​ရေးအတွက် အသိ​ပေး​ဆွေး​နွေးခြင်း၊ တရားမဝင်​ရောက်ရှိ​နေ​သောနိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့ကိုကျသင့်အခွန်အ​ကောက်များ​ပေး​ဆောင်စေခြင်း၊ A1အမှတ်အသား (ခြင်္သေ့) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန်အသိ​ပေး​ကြေညာချက် လက်ကမ်းစာ​စောင်များ၊ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ်နမူနာပုံစံများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်​ပေးရန် ​ကြေငြာလွှာပုံစံများကို အခွန်ထမ်းပြည်သူများထံဖြန့်​ဝေ​ပေးခြင်းစသည့်လုပ်ငန်းစီမံချက်အားOne Stop Service (OSS) စနစ်ဖြင့် စက်တင်ဘာလ  ၁ ရက်​နေ့မှ ၃၀ ရက်​နေ့ထိ ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း ရှင်းလင်း​ဆွေး​နွေးခဲ့သည်။

ထို့​နောက် တက်​ရောက်လာ​သည့် အခွန်ထမ်းသူ များ၏သိရှိလိုသည့်​မေးမြန်းချက်များကို မြို့နယ် အခွန်ဦးစီးဌာနမှူးက ပြန်လည်​ဖြေကြား​ပေးခဲ့​ကြောင်း သိရသည်။

ချိုချို ( ပြန်/ဆက်)