ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဒေသအတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ငန်းများအတွက် သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများ ထုတ်ချေးပေးမည်

ညောင်ရွှေ     ဩဂုတ်     ၂၁

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူထုလူတန်းစား   အသီးသီး ထိခိုက်နစ်နာမှုများ ကြုံတွေ့ခံစားနေရခြင်းကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ တစ်ဖက် တစ်လမ်းမှ ကူညီသည့်အနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ လက်လဘက်ရည် ဆိုင် လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအား သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများ ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း (Pact Global Microfinace Fund) ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေ အဖွဲ့ ညောင်ရွှေရုံးခွဲမှ သိရှိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီပြီး ရင်းနှီးမြှုပ်နှံမှု   တန်ဖိုး ငွေကျပ်သိန်း(၁၅၀)နှင့်အောက်ရှိသော လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနက် ရင်းနှီး မြှုပ်နှံမှု ကျပ်သိန်း(၅၀)နှင့်အောက်ရှိသောဆိုင်များကို (၃၅)သိန်း၊ ရင်းနှီးမြှုပ်နှံမှု သိန်း(၅၀)မှ (၁၀၀)ရှိသော ဆိုင်များကို (၇၀)သိန်း၊ ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း(၁၀၀)မှ (၁၅၀) ရှိသော ဆိုင်များကို (၁၀၀)သိန်းအား တစ်နှစ်တာကာလ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် အတိုးနှုန်းအနေဖြင့် ဝန်ဆောင်စရိတ်အဖြစ် တစ်နှစ်ပတ်လုံးအတွက် (၁.၅)ရာခိုင်နှုန်းနှင့် လူမှုထောက်ပံ့ရေး အစီအစဉ် ထည့်ဝင်ခြင်းအတွက်(၀.၅)ရာခိုင်နှုန်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါရုံးမှ သိရှိရသည်။

စိုင်းအယ်ဘဲ