ဟိုပန်မြို့၌ နမ့်တိန်ချောင်းရေတက်၍စိုက်ပျိုးသီးနှံများဧက(၁)ထောင်ကျော်ရေကြီးနစ်မြုပ်

ဟိုပန်            ဩဂုတ်         ၂၁

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   (၁၉-၈-၂၀၂၀) ရက်နေ့တွင် နမ့်တိန်ချောင်းနှင့်ထိစပ်လျက်ရှိသည့် မန်မိုင်ရပ်ကွက်၊ မန်ကောင်း ရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ကျေးရွာ၊ စံပြကျေးရွာ များရှိ စိုက်ပျိုးသီးနှံ့များ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါရေကြီးမှုကြောင့် တောင်သူများစိုက်ပျိုးထားသည့် မိုးစပါး(၃၃၂)ဧက၊ အစေ့ထုတ် ပြောင်း(၁၁၉၉)ဧကနှင့် ပဲ(၉)ဧက၊ စုစုပေါင်း(၁၅၄၀)ဧကနစ်မြုပ်ခဲ့ပြီး လက်ရှိတွင် (၃)ပေခန့် ရေလျော့ကျကာ သီးနှံများထိခိုက်ပျက်စီးမှုစာရင်းကို ရေကျချိန်တွင် ဆက်လက်ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်ဆက်