အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာ ဖတ်ရှုနိုင်ရန် ဩဂုတ် ၂၄ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာနတွင်ခေတ်မီပျား မွေးမြူခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူပေါင်းပြီး (CERP) အစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ကုစားရေး အစီအစဉ်အရ အလုပ်အကိုင်လအခွင့်အလမ်း ဖော်ဆောင် ပေးခြင်းနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ ဆေးဆပ်ပြာနှင့် သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ ပြုလုပ်ရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်နှင့် ဝန်ထမ်းများ သင်တန်းနည်းပြများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Aug 24,2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို သထုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ( CERP )၏ Action Plan အရ ယမန်နေ့ နံနက် ၉ နာရီက ပေါင်မြို့နယ် ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေး အပ်ခဲ့သည်။
Aug 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ နေအိမ်အပြင်ထွက်လျင် (mask) များ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့တွင် (CERP)အစီအစဉ်အရမိုးစပါး မျိုးစေ့ထုတ် တောင်သူ (၃၂)ဦးတို့ကိုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းစိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။
Aug 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် ပညာရေးမှူး ဒေါ်လှလှအေးဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှု မရှိစေရေး ယနေ့နံနက် ၈ နာရီက ပုလောမြို့ အမှတ် (၅) ရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများအား နိုင်ငံတော်မှ ငွေသားများထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီ က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။