အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဩဂုတ်လ ၂၂ ရက်နေ့အထိ ထုတ်ပြန်ထားသော တားမြစ်မိန့်နှင့် ညွှန်ကြားချက်များကို စုစည်း၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ယမန်နေ့ ညနေပိုင်းက ငါးသိုင်းချောင်းမြို့ နေရာအနှံ့အပြားတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံးမှူး၊ မဲရုံးအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်မှုများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့နယ် ဆုံလဲအုပ်စု (ဆိပ်သာ) အခြေခံပညာ အထက်တန်းကျောင်းတွင် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် မလှိုင်ကုန်းကျေးရွာအုပ်စု၊ ကျို့တပင်လမ်း၊ ဒေသအခေါ် (ဂျိုးကြစ်)ရှိ ဦးဇော်မျိုးထက်၏ နွားတင်ကုတ်အား မိုးကြိုးထိမှန်ကာ နွားတင်းကုတ်အတွင်း ချည်နှောင် ထားသည့် နွား(၆)ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
Aug 24,2020
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးသွားခဲ့သည့် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာအနီးရှိ မြောင်မြို့နယ်နှင့်ဆက်သွယ်ထားရှိသော ကားလမ်းတံတားမှာ၊ အသစ်ပြန်လည် တည်ဆောက်ပြီးစီးပြီဖြစ်၍ မော်တော်ယာဉ်များ ဖြစ်သန်းသွားလာလျက်ရှိကြောင်း သိရှိရသည်။
Aug 24,2020
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌
Aug 24,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှ လာရောက်သည့် MT FORTUNE GLORY သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး၊ နယ်သာလန်နိုင်ငံမှ လာရောက်သည့် MV UNISON MEDA သင်္ဘောပေါ်မှ သင်္ဘောသား (၁၃) ဦး၊ အိန္ဒိယနိုင်ငံမှလာရောက်သည့် MT MELATI 6 ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၂၄) ဦးနှင့် ထိုင်းနိုင်ငံမှလာရောက်သည့် MV PACIFIC ACE သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး၊ စုစုပေါင်းသင်္ဘောသား (၆၁) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။