အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ Mask Campaign ကို ညောင်ဦးမြို့ မဏိစည်သူဈေးအတွင်းနှင့် ပတ်ဝန်းကျင် လူထူထပ်၍ လူသွားလူလာများပြားသည့်လမ်းမကြီးများပေါ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းများကို သစ္စာစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများအရောက်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 24,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဈေးများတွင် နှာခေါင်းစည်းများ တပ်ဆင်ရောင်းဝယ်ရေးအသိပညာပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီကစတင်၍ နန်းရှေ့ဈေး၊ မန်းသီရိဈေး၊ ယောမင်းကြီးဈေး၊ ဆင်များရှင်ဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊အရာတော်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့်မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံ သားတိုင်းဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့က သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး နောင်ကြီးအိုင်စံပြကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်ကျေးရွာအုပ်စု၊ ဝါးရုံချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်အား တော်ဝင်ပုံရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယမန်နေ့ ညနေ ၃နာရီအချိန်က အဆိုပါကျောင်းဆောင်သစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် ဩဂုတ်(၂၂)ရက်မှ(၂၈)ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေဖြင့် အခြေခံပညာဦးစီးဌာနမှ လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်မွေးထုတ်ရေးစီမံချက် (EYE Project) ဖြင့် မူလတန်းလွန်ကျောင်း ဆောက်လုပ်နေမှုများကို သတ်မှတ်ကာလအတွင်း စနစ်တကျဆောက်လုပ်ရေး နေပြည်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကျွမ်းကျင်သူအရာရှိ ဒေါ်ကြူကြူခင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ ဝင်းကမ္ဘာတည်ဆောက်ရေးကုမ္မဏီမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဦးစန်းညွန့်ထံမှ သိရသည်။