မိုင်းယောင်း ဩဂုတ် ၂၄
ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာ ဖတ်ရှုနိုင်ရန် ဩဂုတ် ၂၄ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Facebook စာမျက်နှာမှ ကောက်နုတ်ချက်ဖြစ်သော “ခံနိုင်ရည် မွေးရမှာပါ”၊ “နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ”၊ “သင့်မိသားစုကျန်းမာရေး စနစ်တကျလက်ဆေးပေး”၊ “ဆပ်ပြာနှင့် ရေကို အသုံးပြုလက်ဆေးခြင်းဖြင့် ကာကွယ်ပါ”၊ “ကိုဗစ်-၁၉ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့” အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ စသည့် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာဖတ်ရှုနိုင်ရန် ခင်းကျင်းပြသ ထားကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း