အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်း၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် လိုအပ်ချက်များမဖြစ်ပေါ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပသည်။
Aug 25,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုဖြင့် မြန်အောင်မြို့နယ် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Aug 25,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရေး တိုက်နယ်အလိုက် စစ်ဆေးခြင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းနယ်မြေ မီးသတ်စခန်း အဆောက်အဦအသစ် လွဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဇီးဖြူကုန်းနယ်မြေ မီးသတ်စခန်း အဆောက်အဦအသစ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြစ်ရေကြီးခြင်းဖြစ်ပေါ်သည့်အခါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရေး၊ ရပ်ကွက်များမှ ရေများ ငမိုးရိပ်ချောင်းတွင်းသို့ ရေစီးကောင်းမွန်စေရေးအတွက်သ င်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေး ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ရေထုတ်ပြွန်ရေထိန်းတံခါးအသစ် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က
Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျွဲ၊ နွားများတွင်ဖြစ်ပွားသော အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease) ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ခရိုင်/မြို့နယ်မွေးမြူရေးနှင့် ကုသ ရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က ယမန်နေ့ နံနက်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Aug 25,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး