မရမ်းကုန်း သြဂုတ် ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘောလုံးကွင်း၌ ဖွင့်လှစ်ထားရှိသည့် အခမဲ့ဆေးခန်း (Fever Clinic) သို့ ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က Mindmeditation လူမှုကူညီရေးအဖွဲ့မှ ကုသရေးတွင် အသုံးပြုရန် အထောက် အကူပြုပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပစ္စည်းများမှာ Face shield ၊ Mask ၊ Hand Gel နှင့် PPE ဝတ်စုံများဖြစ်ပြီး လှူဒါန်းပစ္စည်းများအား မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)