အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့နယ်တွင် ယနေ့နံနက် (၆) နာရီအချိန်က စတင်၍ မိုင်းပန်မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်ပြန်လည်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမြန်ဆန်စွာ ဖြစ်ပေါ်နေမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအကြား ကိုဗစ်-၁၉ရောဂါ မပေါ်ပေါက်စေရေးနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးမည့် အကြောင်းအသိပညာပေးနှိုးဆော်ခြင်းကို ဩဂုတ်လ ၂၅ရက် နံနက် ၈နာရီက မြို့မဈေးကြီးနှင့် ဗိုလ်ချုပ် အောင်ဆန်းပန်းခြံ အနောက်ဘက်ပျံကျဈေးတို့တွင် ပြုလုပ်ကြသည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များအား ယနေ့နံနက် ၉ နာရီက ခရေကန်ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 25,2020
မြဝတီမြို့ဈေးများ၌ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်းစည်းများတပ်ဆင်ရန် နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 25,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများ အပေါ် သက်သာစေရေးစီမံချက် (CERP) အရ ဖွင့်လှစ်သည့် ဝက် မွေးမြူရေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 25,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ပဲခူးတိုင်းဒေသကြီး၊
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာလျက်ရှိရာ လိုအပ်ချက်၊ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များကို ဆောင်ရွက်ပေးလျက်ရှိပြီး ထားဝယ်မြို့နယ်အတွင်း ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိရေးအတွက် အဖွဲ့များခွဲကာ တစ်အိမ်တက်/ဆင်း စာရင်းကောက်ယူနေမှုများကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် တာဝန်ရှိသူများက ကျွန်းမွှေးရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်များတွင်လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများသို့ ဧရာဝတီတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။