သင်္ဃန်းကျွန်းမြို့နယ်တွင် မြစ်ရေကြီးခြင်းဖြစ်ပေါ်သည့်အခါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရေး ငမိုးရိပ်ချောင်း ရေထုတ်ပြွန် ရေထိန်းတံခါးအသစ် လဲလှယ်တပ်ဆင်

ရန်ကုန် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြစ်ရေကြီးခြင်းဖြစ်ပေါ်သည့်အခါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ် စေရေး၊ ရပ်ကွက်များမှ ရေများ  ငမိုးရိပ်ချောင်းတွင်းသို့ ရေစီးကောင်းမွန်စေရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေး ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ရေထုတ်ပြွန်ရေထိန်းတံခါးအသစ် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာကော်မတီ ရေစီးရေလာဌာနဝန်ထမ်းများကတပ်ဆင်‌ ဆောင်ရွက်လျက်ရှိရာ‌ မြို့နယ် စည်ပင် သာယာ‌ရေး ကော်မတီအဖွဲ့ဝင်(၁) ဦးကြည်ဝင်း၊ ရေစီးရေလာဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်သင်းသင်းနိုင်တို့က လုပ်ငန်းများ အဆင်ပြေ စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲမင်းထွန်း(ပြန်/ဆက်)