မရမ်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးကျင်းပ

မရမ်းကုန်း သြဂုတ် ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာ ချက်များအား ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် နေ့စဉ် အသိပေး ကြေညာကြရန်နှင့် မိမိရပ်ကွက် အတွင်း ခရီးသွားရာဇဝင်ရှိသူများ စာရင်းအားပေးပို့ကြရန်၊Mask တပ်ဆင်ရေးနှင့် လက်ဆေးကြရန် အသိပေးခြင်းများ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူ ကိုဗစ်-၁၉ ကော်မတီဝင်များက ပြန်လည်ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)