မြန်အောင်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မြန်အောင်  ဩဂုတ် ၂၅

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုဖြင့် မြန်အောင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးချိုချိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်က ကိုဗစ်- ၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်‌သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုနှင့်ဌာနဆိုင်ရာ အကြီးအကဲများက မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အ စဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်‌သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၂ အုပ်စုမှ တောင်သူ (၇၈)ဦး၏ မျိုးစေ့ထုတ်လယ် (၂၅၀) ဧက အတွက် ငွေကျပ် (၂၀၉၈၃၀၀၀) ကျပ် ကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)